မဟာအောင်မြေမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဆောင်ရွက်

မဟာအောင်မြေ ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မနော်ရမ္မံရေမြောင်းဘေးပတ်လည် သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဌာန ကြီးကြပ်သူနှင့် လုပ်သားများမှ အထူးသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ကြီးကြပ်သူနှင့်လုပ်သားများမှ မဟာအောင်မြေမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ လေကောင်းလေသန့်ရရှိစေရန်နှင့် အမှိုက်များစနစ်တကျစွန်ပစ်စေရန်နှင့် အများပြည်သူများအား အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပုံမှန်သန့်ရှင်းရေးများနှင့် အထူးသန့်ရှင်းရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇော်မင်း