ကျိုင်းတုံမြို့၌ အမေ့ရင်ခွင်ကျောင်းတော်(၁၀)နှစ်ပြည့် အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်

ကျိုင်းတုံ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမေ့ရင်ခွင်ကျောင်းတော်(၁၀)နှစ်ပြည့် အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့က အာခါတိုင်းသားပရဟိတ အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပသည်။

ဖွင့်ပွဲတွင်  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ အာခါတိုင်းရင်းသား အကြီးအကဲ ဦးမင်းညို၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့် အလှူရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ် အထိမ်းအမှတ် ကျောက်စာအား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းကြပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)