တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်

တန့်ယန်း ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိရှိစေရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအသိ မီးဘေးသတိရှိစေရန်နှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက မြို့မရပ်ကွက်များအတွင်း လိုက်လံ၍ မီးကြွင်းမီးကျန်များမရှိစေရေး၊ မီးကိုစနစ်တကျ အသုံးပြုရေးနှင့် ပေါ့ဆမှုမဖြစ်ပေါ်စေရေးတို့ကို ပြည်သူများသိရှိရန် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)