ကျောက်တံခါး ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် သက်ကြီးအာစရိယူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အပူဇော်ခံ ဆရာကြီးဆရာမကြီးများ ကိုယ်စား ဆရာကြီးဦးသိန်းဆွေနှင့် ဆရာမကြီးဒေါ်ညိုညိုမာတို့က ဩဝါဒစကားပြောကြားပြီး သက်ကြီးအာစရိယပူဇော်ပွဲ ကော်မတီအဖွဲ့ဝင်များကိုယ်စား ဦးမင်းသူရက အလှူငွေရရှိမှု ငွေစာရင်းရှင်းတမ်းဖတ်ကြားရှင်းလင်းပြီး ဆရာကြီး၊ဆရာမကြီး(၇၅)ဦးအား ကျောင်းသား၊သူဟောင်းများ၏ စုပေါင်းအလှူငွေများဖြင့် ပူဇော်ကန်တော့ကြသည်။
ထို့နောက် အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်းဝင်းအတွင်း ခန်းမဆောက်လုပ်ရန်အတွက် ဇာမဏီစိုက်ပျိုးရေးဆေးကုမ္ပဏီမိသားစုက အလှူငွေကျပ် သိန်း(၁၀၀) လှူဒါန်းရာ အခြေခံ ပညာအထက်တန်း(ကျောက်တံခါး)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)