တပ်ကုန်း ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်းတွင် စတင်ယှဉ်ပြိုင်ပွဲ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရပ်ကွက်၊ ကျေးရွာများမှ အသင်းရှစ်သင်းပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ကွင်းဖွင့်ပြိုင်ပွဲတွင် အနော်ရထာရပ်ကွက်အသင်းနှင့် ရှားတောကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှားတောကျေးရွာအသင်းက အနော်ရထာရပ်ကွက်အသင်းကို တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နော်ရထာရပ်ကွက်အသင်းနှင့် ရှားတောကျေးရွာအသင်း ယှဉ်ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးအားကစားသမားဆုကို ရှားတောကျေးရွာအသင်းမှ ကျောနံပါတ် ၁၅ ရှေ့တန်းဘယ်ဝန်းအားကစားသမား မောင်ကောင်းမြတ်ကျော်ကရရှိခဲ့ပြီး ဆုတံဆိပ်အား မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူရှိန်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)