မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်  တရုတ်နှစ်သစ်ကူးအကြိုအထိမ်းအမှတ် မင်္ဂလာမန္တလေးမိသားစုမှကျင်းပသည့် စတုဒီသာအလှူပွဲသို့ တက်ရောက်အားပေး

ချမ်းအေးသာစံ ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး Lotus Plaza တွင် ကျင်းပသည့် မင်္ဂလာမန္တလေး မိသားစု၏ တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ်  လူဦးရေ ၃၃၅၀ ဦးကျော် အားပေးအပ်သည့် စတုဒီသာအလှူပွဲသို့ တက်ရောက်အားပေးခဲ့သည်။

အဆိုပါစတုဒိသာအလှူပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးမြို့ အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Ms. Gao Ping၊  နယူးစတားလိုက်ကုမ္ပဏီအုပ်စု၊ မင်္ဂလာမန္တလေးဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများက သတ်မှတ်နေရာများမှနေ၍ အတူတကွ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ယနေ့ကျင်းပသည့် အစီအစဉ်သည် နှစ်သစ်တွင် ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံပါစေဟူသော ချစ်ခြင်းမေတ္တာဖြင့် ပြုလုပ်သည့်ပွဲဖြစ်ပြီး လူဦးရေ ၃၃၅၀ ဦးအား ၅၀၀၀ ကျပ်ဈေးဝယ်ကူပွန်အပါအဝင် စတုဒီသာစားသောက်ဖွယ်ရာ(၂၁)မျိုး စုစုပေါင်း သိန်း ၁၂၈၀ ကျပ် တန်ဖိုးရှိကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)