မရမ်းကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အခြေခံပညာကျောင်းများတွင် နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မရမ်းကုန်း ဇန်နဝါရီ ၂

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း ခရိုင်၊ မရမ်းကုန်းမြို့နယ်ရုံးမှဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂၉) အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်မှ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောကာ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပုံပြော၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး အမှတ်တရ လက်ဆောင်စာအုပ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား ကလေးငယ်များအတွက် ဖွံ့ဖြိုးရေး အထောက် အကူပြုစေမည့် စာအုပ်/စာစောင်များ ငှားရမ်းပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)