မောက်မယ်မြို့နယ်၌ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား လူမှုရေးပင်စင်ငွေများပေးအပ်

မောက်မယ် ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိလည်းကောင်း အသက် (၈၅) နှစ်အထက်သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများပေးကို ဧပြီလမှ ဒီဇင်ဘာလအထိလည်းကောင်း ယမန်နေ့နံနက် ၉ နာရီကစတင်ပြီး မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌  ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးငယ်များ၏ မိဘများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ရပ်ကွက်များနှင့်ကျေးရွာများရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများ တစ်ဦးလျှင် ကျပ် (၉၀,၀၀၀) နှုန်းဖြင့်လည်းကောင်း၊ အသက် ၂ နှစ်အောက် ကလေးငယ်များအတွက် တစ်ဦးလျင် ကျပ်(၉၀,၀၀၀)နှုန်းဖြင့်လည်းကောင်း၊ စာရင်းအသစ်သွင်းထား ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန် (၂) လရှိ မိခင်တစ်ဦးအတွက် (၁၅,၀၀၀) ကျပ်၊ ကိုယ်ဝန်(၃)လရှိ မိခင်တစ်ဦးအတွက် (၃၀,၀၀၀) ကျပ်၊ ကိုယ်ဝန်(၄)လနှင့်အထက်ရှိ မိခင်တစ်ဦးအတွက် (၆၀,၀၀၀) ကျပ်နှုန်း ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးငယ်များ၏ မိဘများ လက်ဝယ်အရောက် ပေးအပ်သွားခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)