လွိုင်လင်မြို့တွင် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမူး ဒေါ်နန်းအေးသိန်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ ဗဟုသုတများရရှိစေရန် ယခုကဲ့သို့ ဟောပြောပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များ အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် "ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး" အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရတစာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)