ရန်ကုန် ဇန်နဝါရီလ ၂၅
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းကျင်းပသော ကြက်ခြေနီအသိပညာပြန့်ပွားရေးနှင့် ပြန်ကြားဆက်သွယ်ရေးဆိုင်ရာလုပ်ငန်များ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးဖွင့်ပွဲကို ဇန်နဝါရီလ (၂၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Cooperation Coordinator Ms. Bonny Foo က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အသင်းဌာနချုပ်မှ ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၊ ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါအစည်းအဝေးကို ဇန်နဝါရီလ(၂၃)ရက်နေ့မှ ဇန်နဝါရီလ(၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)