နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ အုန်းပင်ကျေးရွာကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌  ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက အုန်းပင် ကျေးရွာ(အရှေ့)နှင့် အုန်းပင်ကျေးရွာ(အနောက်)ကျေးရွာအတွင်း ရေပေးရေးလုပ်ငန်း ဆောင်ရွက်မှု များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြို့ပြနှင့်ကျေးလက်ဒေသ ကွာဟမှုမရှိစေရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေကြီးနစ် မြုပ်ခဲ့သည့် လယ်ယာမြေများကို ရာသီအမီပြန်လည်စိုက်ပျိုးနိုင်ရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းမျာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းစနစ်များကို မှန်မှန်ကန်ကန်လိုက်နာကျင်းသုံးကြရမှာဖြစ်ကြေင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျေးရွာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ သီနှံများရည်မှန်းချက်ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများကို သဘာဝမြေဩဇာများတွင်ကျယ်စွာ အသုံးပြုရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်ပြီး စိုက်ပျိုးရေးနှင့် ရေများကိုအလေအလွင့်မရှိစေရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်ရေးတို့ကို တောင်သူများ လိုက်နာဆောင်ရွက်ရေးအတွက် အသိပညာပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ပြောကြားပြီး တောင်သူများက  လိုအပ်သည်များတင်ပြချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဖြင့် ‌ အုန်းပင်ကျေးရွာအတွင်း သောက်သုံးရေပေးနေမှု အခြေအနေအားလည်းကောင်း၊ ကျေးရွာအနီးသဘာဝဘေးကြောင့် လယ်ငယ်ချောင်းစပ်တွင် ကျေးရွာမှ ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသည့် လက်တူးတွင်းနှင့် ဆိုလာပန့်များပျက်စီးမှု အားလည်းကောင်း၊ လက်ရှိကျေးရွာအတွင်း ရေပေးနေသည့် သောက်ရေတွင်းကိုလည်းကောင်း၊ သဘာဝဘေးကြောင့် ပွဲစားဆည်တမံကျိုးပဲမှု အ‌ခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအတွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေး၊ စိုက်ပျိုးရေများရရှိရေးနှင့်  လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင် ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ သတ်မှတ်ကာလ အတွင်းပြီးစီးရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းမှာကြားပြီး စာကြည့်တိုက်အတွက် အလှူငွေ ၁၀ သိန်းကို ပေးအပ်လှူဒါန်းသည်။ 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အုန်းပင်ကျေးရွာအနီး ခရီးသွားနေရာအဖြစ်ဖော်ဆောင်ထားသည့် ရှေးဟောင်းသမိုင်းဝင်သားခိုတောင် မဟာအတုလ လောကရန်အောင်ဆုတောင်းပြည့်စေတီမြတ်ကြီးအား ပြည်သူများအဆေင်ပြေသွားလာ ဖူးမြော်နိုင် ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၅ ဒသမ ၂ ဖာလုံ ကွန်ကရစ်လမ်းဖောက်လုပ်ထားမှုကို ကြည့်ရှုစစ်ဆးပြီး   သားခိုတောင် မဟာအတုလ လောကရန်အောင်ဆုတောင်းပြည့်စေတီမြတ်ကြီးအား ဖူးမြော်ကြည်ညို ကာ အလှူငွေများ လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်း ကျေးရွာအုပ်စု၊ ရွေးစု(မြောက်)ကျေးရွာအနီးတွင် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေ ၁၅၆ ဒသမ ၆၅ ဧကကို နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ စက်ယန္တရားများဖြင့် သဲနှုန်းများဖယ်ရှားခြင်း၊ မြေပြုပြင်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ စိုက်ပျိုးရေရရှိ ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)