သုံးခွ ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာ ကွင်းအမှတ် ၈၄၆ A ၊ ဦးပိုင်အမှတ် ၇/၁ တောင်သူ ဦးမောင်မြင့်နှင့် တောင်သူ ၁၂ ဦးတို့ ၏ ပဲတီစိမ်း ဧက(၁၀၀) တစ်ကွင်းတစ်စပ်စံပြကွက်စိုက်ခင်းအား စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ယမန်နေ့မွန်းလွဲ ၁ နာရီက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တက်ရောက်လာသော တောင်သူများအား ပဲတီစိမ်းအထွက်နှုန်းကောင်းစေရန် စိုက်ပျိုးစနစ်မှန်ကန်ရေး၊ ပိုးသတ်ဆေးပတ်ဖျန်းပုံးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်သုံးဆွဲရန်နှင့် GAP စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးစသည်ဖြင့် ပြောကြားခဲ့ကြောင်းသိရသည်။ သုံးခွမြို့နယ်တွင် ပဲတီစိမ်းစိုက်ဧက(၁၃၉၅၇၆)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပဲတီစိမ်း ဧက(၁၀၀)တစ်ကွင်းတစ်စပ်စံပြကွက်သို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်ဆွေ၊ ခရိုင်ဦးစီးမှူးဦးထိန်လင်းဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တောင်သူဦးကြီးများက တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်