ကလောခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များက ဖယ်ခုံမြို့နယ်အတွင်း လျှပ်စစ်မီးရရှိရေး၊ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကလော ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ်အတွင်း ဒေသခံပြည်သူလူထုနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်နေထိုင်အဆင်ပြေစေရေး၊ လျှပ်စစ်မီးအား၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ရှမ်းပြည်နယ်နေ့တွင် ပြန်လည်ရရှိရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်‌‌ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်၊ ခရိုင်စီမံအုပ်ချုပ်‌ရေး ဒုတိယညွှန်ကြားရေးမှူး ဦးသက်လွင်၊ ခေတ္တခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးငြိမ်းချမ်းနှင့် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းတို့က ဖယ်ခုံမြို့ပေါ်တွင် ပြန်လည်ဝင်ရောက်လာသော ဒေသခံပြည်သူလူထုများအား ပြန်လည်နေရာချထားနိုင်ရေး၊ ဌာနဆိုင်ရာရုံးပြန်လည်ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်နေကြသော ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ရုံးဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်ရေး၊ မြို့သန့်ရှင်းရေး လျှပ်စစ်မီးနှင့် ရေရရှိရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများအတွက် သောက်သုံးရေအမြန်ဆုံးပြန်လည်ပေးဝေနိုင်ရေးနှင့် လျှပ်စစ်မီးအား၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ရှမ်းပြည်နယ်နေ့တွင် ပြန်လည်ရရှိရေးစီမံဆောင်ရွက်လျက်ရှိသည့် ဓာတ်အားလိုင်းသွယ်တန်း‌နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်‌ခဲ့ကြကြောင်း သိရသည်။

မြို့နယ်/ပြန်ဆက်