ဟိုင်းကြီးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ သွားလာရလွယ်ကူချောမွေ့အဆင်ပြေစေရန်အတွက် ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြီးစီးမှုအခြေအနေများအား ယနေ့နံနက် ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အမှတ် (၁) ရပ်ကွက်၊ မြမဉ္ဇူလမ်းနှင့်ရွှေစကားဝါလမ်းဆုံတွင် box culvert (၂၀'x၃'x၅'-၆")တည်ဆောက်ခြင်း၊အမှတ်(၂) ရပ်ကွက် (၂) လမ်း (ခ) ကျောက်ချောလမ်း (၆၆၀'x၁၂'x၇") ခင်းခြင်း၊ အမှတ် (၂) ရပ်ကွက်၊ (၁)လမ်း ကွန်ကရစ်လမ်း (၁၀၀'x၁၂'x၆") ခင်းခြင်းနှင့် အမှတ် (၃) ရပ်ကွက် အ.မ.ကစာသင်ကျောင်းလမ်း (ပမ္မဝတီလမ်းခွဲ) (၆၆၀'x၁၂'x၆") ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှုခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လမ်းပိုင်းများ အရည်အသွေးပြည့်မှီမှုရှိစေရေး၊ ကြံ့ခိုင်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့ကို ဦးစားပေးဆောင်ရွက်ကြရန်ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)