မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့နံနက်(၁၀:၃၀)နာရီအချိန်က ကန်(တောင်)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ သိမ်ဖြူစည်ပင်သာယာဈေးရှိ ဈေးတာဝန်ခံနှင့် ဈေးသူ၊ ဈေးသားများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါသရုပ်ပြရာတွင် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဒုဉီးစီးမှူးဉီးတေဇာလင်းဉီးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၄)ဉီးတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)