မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌(Book Club)အဖွဲ့မှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အားတင်းထား"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်မြတ်အေးက စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုခြင်းဖြင့်လည်း အချင်းချင်းရင်နှီးမှုများရှိစေခြင်းတို့ကိုရှင်းလင်းပြော​ကြား ဆွေးနွေးပါသည်။ ထို့နောက် (Book Club)အဖွဲ့မှ စာရေးဆရာမ​ရွှေယဉ်နု(ပညာရေး)က စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ''အားတင်းထား'' စာအုပ်မှ ‘ခေါင်းဆောင်မှု'နှင့် ‘စလုပ်ဖို့အရေးကြီး' ခေါင်းစဉ်များ အကြောင်းကိုအကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဒေါ်မိုးမိုးကြည်နှင့်ဒေါ်အေးအေးမော်တို့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)