ကျိုင်းတုံမြို့၌ လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်း

ကျိုင်းတုံ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား) အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့နံနက်က ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်က သင်တန်းကပို့ချသည့် ဘာသာရပ်များကို လက်တွေ့မြင်ပြင်တွင် အကျိုးရှိထိရောက်စွာအသုံးချပြီး ရဲလုပ်ငန်းများအောင်မြင်ရေး ကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့်  သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ  ရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး ဇန်နဝါရီ ၁၃   ရက်မှ ၂၄  ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)