အင်းစိန်မြို့နယ်အတွင်းရှိစက်ရုံများ၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇန္နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ စက်ရုံများတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ် စက်မှုဇုန် ၃+၄ ရှိ   Mira global အထည်ချုပ်နှင့် SoHo အထည်ချုပ်စက်ရုံများတွင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်ရုံများအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စက်ရုံများရှိ တာဝန်ခံများနှင့်ဝန်ထမ်းများအား ဂတ် (စ်) အိုးမီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း၊ ဂတ် (စ်) အိုးမီးလောင်မှုအား Bar ပိတ်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း၊ ဂတ် (စ်) အိုးမီးလောင်မှုအား အောက်စီဂျင်ဖြတ်တောက်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်နှင့် မီးသတ်ဆေးဘူးအားအသုံးပြု၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း မီးလောင်မှုအား ဖုံးအုပ်ငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို