ချမ်းမြသာစည် ဇန်နဝါရီ ၂၄
ပူပြင်းခြောက်သွေ့သော ရာသီအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ချမ်းမြသာစည်တောင်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျရှိစေရေး၊ လူနေအိမ်များအတွင်း တရားမဝင်လောင်စာဆီများ သိုလှောင်မှုမရှိရေး၊ နေအိမ်ခြံဝင်းများအတွင်း လောင်စာအမှိုက်များ စုပုံထားမှုမရှိရေး၊ အရေးပေါ်ရှေးဦး မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကတ်၊ သဲ၊ ရေ၊ လှေကား၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ အသိပညာပေးခြင်း၊ မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး ဦးဆောင်၍ ချမ်းမြသာစည်တောင် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးအောင်စန်းမြင့်နှင့် ရာအိမ်မှူးများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် ဒု-တပ်ရင်းမှူး ဦးဝင်းမောင်နှင့် တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ချမ်းမြေ့