မိုင်းရယ် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကို ဇန်နဝါရီလ (၂၂) ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရုံး၊ စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ ပြုလုပ်ရာတွင် မြို့နယ် ပြန်/ဆက် ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရပြီး နိုင်ငံ့ခေါင်းဆောင်ကြီးများက တောင်တန်း၊ ပြည်မစည်းလုံးညီညွှတ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံ စသည်တို့ကိုဆွေးနွေး ဟောပြောသည်။
ထို့နောက် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ကျင်းပရာ အမှတ် (၁) အခြေခံပညာမူလတန်း (လွန်) ကျောင်းမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ (၂၃) ဦးက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ယင်းနောက် ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများက လူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။
မိုင်းရယ်(ပြန်/ဆက်)