တန့်ယန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကျင်းပ

တန့်ယန်း ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ စသည့် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲများအား မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ ကြီးကြပ်ရေးမှူး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မွန်းနှင့် တာဝန်ရှိ ဆရာ၊ ဆရာမများက ကြီးကြပ်၍ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင် (၂၃) ဦး၊ ကဗျာပြိုင်ပွဲတွင် (၁၆) ဦး၊  ပန်းချီပြိုင်ပွဲတွင် (၁၂) ဦး၊ ပိုစတာပြိုင်ပွဲတွင် (၆) ဦး၊  စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)