ကျိုက်ထိုမြို့နယ်တွင် သခွါးသီးစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ကျိုက်ထို ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီမ‌‌ရွေးစိုက်ပျိုးနိုင်သည့် သခွားသီးစိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်‌ငွေရရှိ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ သခွါးသီးအား မိမိခြံဝင်းရှိမြေကွက်လပ်တွင်စိုက်ပျိုးနိုင်ပြီး လယ်မြေများတွင်လည်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။ အချို့တောင်သူများသည် ရာသီပေါ်သီးနှံများကိုရာသီအလိုက် စိုက်ပျိုးကြ‌သော်လည်း ကုန်ကျစရိတ်များသည့်အတွက် သခွါးသီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြသည်။

သခွါးသီးစိုက်ပျိုးရာတွင် မြေကြီးကို တူးဆွပေးပြီး (၁၀) ရက်ကြာ အခြောက်လှန်းကာ ကျင်းပေါက်ရပါတယ်။ အဲ့ဒီ‌နောက်အသီးဝဲဖြစ်သည့် ဒီဆူပါ‌မြေဩဇာကိုထည့်ပြီး နွားချီး၊ မြေကျက်ထည့်၍ အပေါ်တစ်ရစ်ဖုံးကာ သခွါးမျိုးစေ့ထည့်ရပါတယ်။ သခွါးမျိုးတစ်ထုတ်လျှင် (၁၅၀၀) ကျပ် ပေးဝယ်ရသလို တိုင်ထူရန်အတွက် ဝါးတစ်လုံးကိုလည်း (၃၀၀၀) ကျပ် ပေးဝယ်ရကြောင်း ဝယ်ယူထားသည့်ဝါးများအား လိုအပ်သလိုစိပ်၍ စိုက်ပျိုးထားသည့် ကျင်းများတွင် တိုင်ထူကာတစ်ကျင်းလျှင် (၃)တိုင်စိုက်ရပါတယ်။ စိုက်ပျိုးပြီး (၁) လပြည့်လျှင် ခူးဆွတ်၍ ရောင်းရကြောင်းမိမိအနေဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့်အတွက် တစ်နေ့လျှင် အချိန် (၂၅) ပိဿာ ထိခူးဆွတ်ရောင်းရ‌ကြောင်း ရောင်းချရာတွင် ဖေါက်သည်ဈေးနှုန်း တစ်ပိဿာကို (၂၅၀၀) ကျပ်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေသည့်အတွက် သခွါးသီးအားမိမိအိမ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသင့်‌ကြောင်း ဖက္ကလိပ်‌ကျေးရွာနေ တောင်သူ ဒေါ်အေးစန်း၏ပြောကြားချက်အရ သိရသည်။

မြို့နယ် (ပြန်/ဆက်)