စဉ့်ကိုင်မြို့နယ်၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများဆောင်ရွက်

စဉ့်ကိုင် ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာမများက အ.ထ.က (စဉ့်ကိုင်)၊ အ.လ.က(ခွဲ) (တရုတ်စု)၊ အ.မ.က (ရန်နိုင်)၊ အ.မ.က (မြို့မ) ကျောင်းများရှိ KG ကျောင်းသား (၄၁) ဦး၊ ကျောင်းသူ (၄၅) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူဦးရေ (၈၆) ဦးတို့အား ကြက်ဥပြုတ်နှင့် ပဲနို့များ ကျွေးမွေးခဲ့ကြ‌ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)