မြစ်သား ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက် မာဃလမ်းရှိ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ် (၂) လုံးအတွက် ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်၊အိမ်ဆောက်ပစ္စည်းနှင့်ကယ်ဆယ်ရေးပစ္စည်များ ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်တာဝန်ရှိသူများက မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ် (၂) လုံးအတွက် ဆန်နှင့်အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ ၂၁၂,၆၀၀/- ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ ၂၅၃,၈၆၆/-ကျပ်၊ စုစုပေါင်းတနဖိုးငွေ ၄၆၆,၄၆၆/-ကျပ်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)