မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၂၄ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းက ပြင်ဦးလွင် မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ဂေဟာများရှိ ကလေးသူငယ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး မြို့နယ်အဆင့် တက်‌ရောက်လာသောဌာနဆိုင်ရာများ၊ ကော်မတီဝင်များမှ အထွေထွေဆွေးနွေးတင်ပြကြပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)