ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အား ယမန်နေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး  သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြတ်သီဟ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ စနစ်တကျထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် တပ်ဆင်ထားသော အလိုအလျောက်မီးထောက်လှမ်းရေးစနစ်များနှင့် မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့စမ်းသပ်စစ်‌ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)