မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးအခြေအနေကို ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် မုန်တိုင်အုပ်စု မုန်တိုင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊  မုန်တိုင်အုပ်စု ဖလံကျင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာကော်မတီဝင်များအားမိမိတို့ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့စေရန် ကျေးရွာသူကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကျိုးရှိစွာ အသုံးပြုသွားကြရန် မှာကြားခဲ့သည်။

မိတ္ထီလာမြို့နယ် မုန်တိုင်အုပ်စု မုန်တိုင်ကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း အလျား ၆၆၀ ပေ အနံ ၁၂ ပေ ထု လက်မ၊ မုန်တိုင်အုပ်စု ဖလံကျင်းကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်း အလျား ၅၂၀ ပေ အနံ ၁၂ ပေ ထု လက်မနှင့် ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်း တစ်နာရီလျှင် ၁၂၀၀ လီတာနှုန်းဖြင့် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)