သာကေတမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

သာကေတ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန် ၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ကိုလိုနီကျွန်ဘဝရောက်ခဲ့ပုံ၊ စည်းလုံးညီညွတ်ရေးအရေးကြီးပုံ၊ ပင်လုံညီလာခံကျင်းပပုံ၊ မမမေ့အပ်သည့် နေထူးနေ့မြတ်ဖြစ်ကြောင်း စသည့်အကြောင်းအရာများအား ဟောပြောခဲ့သည်။ ဆက်လက်ပြီး ပြပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်၊ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့ကာအမှတ် (၂၅) အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့ အဓိဋ္ဌာန်ခေါင်းစဥ် ဖြင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စိတ်ကြိုက် ပုံပြင်ပြောပြိုင်ပွဲများအား ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများက (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များအား လေ့လာခဲ့ကြကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)