ပူတာအိုခရိုင်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြာပွဲ၊ကဗျာ ရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ပူတာအို ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို အလေးထားတန်ဖိုး ထားတတ်စေရန်၊အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်နှင့်နူတ်မှုစွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ကဗျာရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကို ဇန်နဝါရီ (၂၃) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်းနှင့်ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကိုရှင်း လင်းပြောကြားသည်။

ပြိုင်ပွဲတွင် အ.လ.က (မြို့မ) ကျောင်း အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၀) ဦးတို့က ပြည် ထောင်စုနေ့အထိမ်းအမှတ်ဆိုင်ရာ ကဗျာများနှင့်ပုံပြင်များကို ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသားကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို၊ဦးစီးအရာရှိ ဦးစိုးမိုးနိုင်နှင့်အ.လ.က (မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝဒမ်းခေါင်ခေါ်ဇီတို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူများက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထားသော လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု၊ ကလေးအလုပ်သမားပပျောက်ရေး၊ ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာများ၊ မြန်မာ့တပ်မတော်၏ ဖခင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် မြန်မာ့လွတ်လပ်ရေးဖခင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ စသည့်အသိပညာပေးနံရံကပ်များနှင့် စာအုပ်စာစောင်ပြပွဲများကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဘုန်းလက်ရာသစ်