မိုင်းတုံမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းတုံ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က လူငယ်များစာတတ်မြောက်ရေး ဝိုင်းဝန်းကူညီ‌ပေးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း ဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားတာဝန်ခံဦး‌ ကျော်ဇင်လတ်က “လူငယ်နှင့် အားကစား အခွင့်အလမ်း”ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သတ်သည်များကို‌ အကျယ်တဝင့် ဟောပြောပေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)