ကျေးသီးမြို့နယ်၌ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှာရမ်းပေးလျက်ရှိ

ကျေးသီး ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှား အဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့်ရပ်ကွက်များသို့ mobile စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းလျက်ရှိသည်။

စာပေဖတ်ရှုမှု မြင့်မားလာစေရေးနှင့် စာအုပ်စာပေမှ ဗဟုသုတရရှိစေရန်အတွက် နောင်တရားမြို့အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ သုတ၊ ရသ စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းဆောင်ရွက်ပေးသည်။ mobile စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းကြောင့် စာပေဖတ်ရှုသူများအတွက် အချိန်ကုန်သက်သာခြင်းနှင့် မိမိဖတ်ရှုလိုသည့် စာအုပ်များကိုအလွယ်တကူဖတ်ရှုနိုင်ခြင်းတို့ကြောင့် mobile စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းမှာ စာပေချစ်မြတ်နိုးသူများအဆင်ပြေလျက်ရှိပြီး အလှည့်ကျစနစ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ တစ်ပတ်တစ်ကြိမ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန်းဗွေခမ်း