မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပထမအကြိမ် (KG)ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

မိုင်းခုတ် ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဇန်နဝါရီလ၊ ပထမအကြိမ်(KG)ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွေးမွေးခြင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မေစိုးမှ အာဟာရရှိသော ကြက်ဥပြုတ်၊ ရွှေဖရုံသီးပေါင်း၊ လိမ္မော်သီး၊ ပဲနှပ်နှင့် ထမင်း စသည့်တို့ကို (KG)ကလေးငယ်စုစုပေါင်း (၂၇)ဦးအား ကျွေးမွေးခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)