ချောင်းဆုံ ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့နှင့် မြို့နယ်ဥပဒေရုံးတို့မှ ပူးပေါင်းကာ ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားကာ ဒုဥက္ကဋ္ဌ ဗိုလ်မှူးဇေယျာဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်း ဆွေးနွေးပေးခဲ့ပြီးနောက် မြို့နယ်ဥပဒေအရာရှိက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ချပြရှင်းလင်းခဲ့ပြီး မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူးက ဆက်လက်ဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ သိရှိလိုသည် များကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)