ရန်ကင်း ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြိုနယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှထွေးက စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးနှင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ၊ လိမ္မာယဉ်ကျေးစေရန်အတွက် ယဉ်ကျေးမှုအခြေခံများစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပြစ်အသင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ထူးခိုင်က လူငယ်တွေ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အခြေခံအားကစားနည်းစနစ်များကိုလည်းကောင်း၊ စာရေးဆရာမပေါက်ပေါက်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အထွေထွေဗဟုသုတဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများမေးမြန်းခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)