မိုးနဲ ဇန်နဝါရီ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော နားခံကျေးရွာအုပ်စု၊ ပန်အူ-စက်တော်လမ်း မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာာချုပ် (မြို့ပြ) ဦးဝင်းကျော်မျိုးနှင့် တာဝန်ရှိသူများက ပန်အူ-စက်တော်လမ်းမြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီး အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ လင်းခေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေနွယ်က လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်အူ-စက်တော်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေ ပထမလမ်းပိုင်း ၆ ဒသမ ၅ ဖာလုံ၊ ဒုတိယလမ်းပိုင်း ၆ ဒသမ ၅ ဖာလုံစုစုပေါင်း ၁ မိုင် ၅ ဖာလုံကို လမ်းပိုင်းတစ်ခုစီအတွက် ငွေကျပ် ၁၁၇ ဒသမ ၁၁၇ သန်းဖြင့် တင်ဒါအောင် ကုမ္ပဏီတို့က ၁၆ ပေ အကျယ် ၆ လက်မထုကို မြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ်တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)