ဒေါပုံမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ဒေါပုံ ဇန်နဝါရီ ၂၃

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၁နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ဆောင်ရွက်ခဲ့ရာ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းမှ ကဗျာရွတ်ဆိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ ဦးနှင့် အမှတ် () အခြေခံပညာမူလတန်းကျောင်းမှ ပုံပြင်ပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ဦး ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဒေါ်နိုင်နိုင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင် များနှင့် စာအုပ်ပြပွဲများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)