တန့်ယန်းမြို့နယ် အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပ

တန့်ယန်း ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုများပေးအပ်ပွဲကို အမှတ်(၉)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကြည်လွင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုများ ပေးအပ်ပွဲကျင်းပရခြင်းအကြောင်းအား ပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းရွှေအောင်က ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြကြောင်း သိရသည်။                          

မင်းလွင်ဦး(ပြန်/ဆက်)