ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြော

စဉ့်ကိုင် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တွင် အဆင့်မြင့်ပညာဦးစီးဌာနမှကြီးမှူး၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ နာရီအချိန်က အဆိုပါတက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပခဲ့ရာကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်ဒေါက်တာစန်းစန်းတင့်နှင့် ပါမောက္ခ/ဌာနမှူးများ၊ နည်းပြ/သရုပ်ပြ ဆရာ/မများ၊ စဉ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ် ၉၂ တပ်ဖွဲ့စုမှ ဒုရဲမှူး ထိန်လင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မူးယစ်ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၈)မှ ရဲအုပ်စောနိုင်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများ စုစုပေါင်းလူဦးရေ(၅၂၀)ဦးခန့် တက်‌ရောက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ  ပါမောက္ခချုပ် ဒေါက်တာစန်းစန်းတင့်က အဖွင့်အမှာစကား‌‌ ပြောကြားခဲ့သည်။ ထို့နောက် ကျောက်ဆည်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၉၂)မှ ဒုရဲမှူးထိန်လင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့်  ရှောင်ရန်‌၊ ဆောင်ရန်များစသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး မူးယစ်ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၁၈)မှ ရဲအုပ်စောနိုင်ထွေးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ၊ ဆိုးကျိုးအန္တရာယ်များ၊ ပြစ်ဒဏ်ခံကျရမည့် ဥပဒေများစသည့် အ‌ကြောင်းအရာများကို အကျယ်တဝံ့ရှင်းလင်း‌ ဟောပြောခဲ့သည်။

၎င်းနောက် ပါမောက္ခချုပ် ဒေါက်တာစန်းစန်းတင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဟောပြောဆွေးနွေးခဲ့သူများအား အမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်စွာ (စဉ့်ကိုင်)