ပုဇွန်တောင် ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် စည်းလုံးညီညွတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ စာရေးဆရာမ မေမြတ်စန္ဒာက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်များကိုလည်းကောင်း ကျောင်းသား/ ကျောင်းသူများအား သိရှိစေရန် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်