ကြည့်မြင်တိုင်မြို့နယ်၌ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ နံရံကပ်ပြပွဲနှင့်စာအုပ်စာ‌စောင်ပြပွဲများကျင်းပ

ကြည့်မြင်တိုင် ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ နံရံကပ်ပြပွဲနှင့်စာအုပ်စာ‌စောင်ပြပွဲများ ကျင်းပခဲ့‌ပါသည်။

အဆိုပါကဗျာရွတ်ပြိုင်ပွဲနှင့် ပုံ‌ပြောပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသားကျောင်းသူလေးများက ခင်းကျင်းပြသထားသောအသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

ရည်ရည်မွန်(ပြန်/ဆက်)