ရန်ကုန် ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာကြည့်တိုက်ပညာများ ပိုမိုသိရှိစေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တာဝန်ခံ ဦးဘိုကြည်(ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီး)၊ အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယုတို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို သင်တန်းနည်းပြများဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တာဝန်ခံ ဦးဘိုကြည်(ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီး)၊ အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်တို့က စာကြည့်တိုက်မှူးနှင့် ခေါင်းဆောင်မှု၊ စာကြည့်တိုက်ဥပဒေ၊ နည်းဥပဒေ၊ စာကြည့်တိုက်ကော်မတီဖွဲ့စည်းပုံ၊ စာစု၊ စာပြုလုပ်ငန်း၊ အုပ်စုလိုက်ဆွေးနွေးခြင်းနှင့် စာကြည့်တိုက်အလုပ်ရုံဆွေးနွေးခြင်းတို့ကို အင်းစိန်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်စာကြည့်တိုက်မှူးများအား ဇန္နဝါရီလ(၂၂)ရက်နေ့မှ ဇန္နဝါရီလ(၂၄)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)