အမရပူရ ဇန်နဝါရီ ၂၂
အမရပူရခရိုင်၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က Woman Club နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲကိုပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်လှက လက်ရှိစာကြည့်တိုက် အခြေအနေများကို ရှင်းလင်းပြောကြားပြီးအသင်းဝင်တိုးပွားရေးနှင့် စာဖတ်သူများပြားအောင် ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားရာတက်ရောက်လာသော မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဆက်လက်ဆောင်ရွက်မည့်အစီအစဥ်များကို ဆွေးနွေးကြပြီး စာကြည့်တိုက်အတွက်စာအုပ်စာစောင်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)