ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဆောင်းကုလားပဲ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်ဒေသနှင့်ကိုက်ညီသည့် ဆောင်းကုလားပဲမျိုးများ ပြောင်း လဲစိုက်ပျိုးလျက်ရှိကြောင်းနှင့် အနောက်ရွာတော်ကျေးရွာမှ တောင်သူဦးကုလား စိုက်ပျိုးထားသော ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဒေသနှင့်ကိုက်ညီသည့် ကုလားပဲမျိုးများ ပြောင်လဲစိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ဆက်သွယ်၍ ရေ၊ မြေနှင့်ကိုက်ညီသည့် ရေဆင်း(၁၃)ကုလားပဲများကို ပြောင်းလဲပြီး သိပ္ပံနည်းဖြင့် စနစ်တကျ အပင်အကွာအဝေးအတိုင်း သင့်တော်သည့်မြေအနေအထား အစိုဓာတ်ရှိချိန်တွင် ပြောင်းလဲ စိုက်ပျိုးခဲ့ပြီး  စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုကောင်းမွန်လာပြီး အပွင့်များသိသိသာသာ တိုးပွားလာကြောင်း တောင်သူဦးကုလားက ဆက်လက်ပြောပြသည်။

ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကုလားပဲစိုက်တောင်သူများအထွက်နှုန်းကောင်းပြီး လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် ကုလားပဲအနီမျိုး စိုက်ပျိုးသည့် တောင်သူများအား ရေဆင်း() ရေဆင်း(၁၂) ကုလားပဲမျိုးများနှင့် ကုလားပဲအဖြူမျိုးစိုက်ပျိုးသည့်တောင်သူများအား ရေဆင်း()၊ ရေဆင်း()၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ခင်းများ အောင်မြင်စေရေးလိုအပ်သည့်  အချိန်မြေပြင်စိုက်ပျိုးခြင်းနှင့်ပြုစုခြင်းများအား စိုက်ပျိုးရေးပညာများ ဖြန့်ဝေပေးလက်ရှိကြောင်း သိရသည်။

သက်မောက်(ကျောက်ဆည်)