ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၂၂

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုသုတများ တိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ နယ်လှည့်စာကြည့်တိုက်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျှက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁) နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၇) ရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းရှိ အမှတ်(၂၈) အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပပြုလုပ်သည်။

နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲတွင် အမှတ်(၂၈)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်သန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးကျော်စွာမိုးတို့မှ ကလေးငယ်များ ဗဟုသုတများရရှိစေမည့် ပုံပြင်စာအုပ်ပါအကြောင်းအရာများအား သရုပ်ပြဖတ်ပြခြင်းအစီအစဉ်ဆောင်ရွက်ကြသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ သက်ဝေမောင်က ကလေးငယ်များ ငယ်စင်ကပင် စပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် မှတ်သားဖွယ်ရာပုံပြင်သာဓကများဖြင့် ဆွေးနွေး၍ ကလေးငယ်များအား အပြန်အလှန်မေးခွန်းများ မေးမြန်းပြီး အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးများအကြိုက်သရုပ်ဖော်ပုံများပါရှိသော ရုပ်ပြစာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူကလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးအောင်