ရန်ကင်း ဇန်နဝါရီ ၂၂
လူငယ်ဟူသည် အနာဂတ်နိုင်ငံတော်၏ တန်ဖိုးထားအားကိုးရမည့် အဖိုးတန်အရင်းအမြစ်များ ဖြစ်သည့်အားလျော်စွာ လူငယ်ကဏ္ဍကို နိုင်ငံတော်မှ ဘက်ပေါင်းစုံမှ ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ရန်ကင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စုယဉ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးနှင့် အထက်တန်းပြဆရာမ ဒေါ်ခင်စန်းရီတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade-10 မှ ကျောင်းသူ မအင်ကြင်းစံလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-10 မှ မောင်ဟိန်းထက်ကျော်ဇင်ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-10 မှ မောင်ထက်ဝေယံအောင်ကလည်းကောင်း၊ Grade-10 မှ မကြည်ဖြူသျှင်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းမီမီ Grade-10 က လူငယ်နှင်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသိရိမြင့်မြတ်စံက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာဗဟုသုတရဖွယ် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့်အပြင် လူငယ်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း၍ လစဉ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လှလှထွေး(ပြန်/ဆက်)