ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

ဒဂုံအရှေ့ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးတင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် ကျောင်းသားများ၏ စာဖတ်ခြင်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် အခြေခံပညာကျောင်းများကို အခြေခံ၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ စည်ကားလျက်ရှိကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/ သူမ်ားအသိပညာ၊ ဗဟုသုတဖွံဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည်အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ဗဟုသုတများကို အရင်းအနှီးပြု၍ ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောင်းစာကြည့်များ၏ အခန်းဏ္ဍများသည်များစွာ အရေးပါလာကြောင်း၊ ကျောင်းသား/ သူများအနေဖြင့် သိရှိလိုသည့် ဗဟုသုတများကို စာကြည့်တိုက်တွင် ရှာဖွေလေ့လာတက်ပြီး စာကြည့်တိုက်၏ အသုံးဝင်မှုကို အသုံးပြုတတ်လာလျှင် ကျောင်းသားများ၏ စာဖတ်အလေ့အထဝါသနာတိုးပွားလာပြီး ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စသည့်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာကျောင်းများမှ သင်တန်းတက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိများက စာကြည့်တိုက်လက်စွဲပါ အခြေခံစာကြည့်တိုက်ပညာဘာသာရပ်များအား စာတွေ့/လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၂ ရက်နေ့မှ ဇန်နဝါရီ ၂၄ ရက်နေ့ထိ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ