ဇမ္ဗူသီရိ ဇန်နဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်ဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းကွင်းက သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များ၌ မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ သက်တမ်းလွန် မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးသတ်ရေလှောင်ကန်များ၌ ရေများအရန်သင့် စုဆောင်းထားရှိမှု ရှိ/မရှိ၊ အပေါ့စား မီးငြှိမ်းသတ်စက်များ အရန်သင့်ထားရှိခြင်း ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ကန်များ၌ စက်သုံးဆီများစနစ်တကျ သိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချပေးနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များကို ဆက်လက်ဖြည့်တင်း ဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)