အမရပူရမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျေးလက် လမ်း/တံတားပြုပြင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမရပူရ ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ စားတော်-လိပ်ဆံခွန်-ဘနော-ဖရဲကျွန်းလမ်းမှာ ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စား၍ ပျက်စီးခဲ့သည့် မြေကာနံရံအပိုင်းကို ၂၀၂၄- ၂ဝ၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (အထွေထွေပိုလျှံ)ရန်ပုံငွေကျပ် သန်း ၄၄ ဒသမ ၆၀၁ ဖြင့် ဌာနမှ Box Culvert (၁) စင်းနှင့် ကျောက်ရိုးစီ မြေကာနံရံ တည်ဆောက်ခြင်း လုပ်ငန်းကိုယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို  မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်အတူ အမရပူရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးရဲလွင်၊ မြို့နယ်တာဝန်ခံ ဒေါ်နန်းခိုင်သဉ္ဇာ (ဦးစီးအရာရှိ (မြို့ပြ))တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီမှုရှိရေးတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)