လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

လဲချား ဇန်နဝါရီ ၂၂

သမဝါယမနှင့် ‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဝန်ကြီးဌာန လဲချားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်း၊ လွိုင်လင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်နိုင်၊ လဲချားမြို့နယ် တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဦးအောင်ကိုဦးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အရည်အသွေးထိန်းသိမ်းရေးအဖွဲ့များက ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)