မုဒုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆုမြတ်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပွင့်လင်းရာသီအချိန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့်ပူးပေါင်း၍ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ အမြှုပ်မီးငြှိမ်းသတ်နည်း၊ မီးငြှိမ်းသတ်ယာဥ်၊ မီးသတ်ရေသယ်ယာဥ်တို့ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်လေ့ကျင့်သည်။
ထို့နောက် ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန်အချက်များ၊ လျှပ်စစ်မီးများကို စနစ်တကျအသုံးပြုစေရန်အချက်များနှင့် မီးလောင်မှုဖြစ်ပွားနေစဥ် ဆောင်ရွက်ရမည့်အချက်များကို ကျောင်းသား/သူ(၁၅၀)ဦးအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)